1 ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်သောငါတို့သည် အခြားသူများထက်ပို၍ကျပ်တည်းစွာစစ် ဆေးစီရင်ခြင်းခံရကြမည်ကိုသိမှတ် ကြလျက်သင်တို့တွင်ဆရာဖြစ်လိုသူ မများစေနှင့်။- 2 ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။- 3 ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။- 4 အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။- 5 လျှာသည်လည်းထိုနည်းအတိုင်းပင်ဖြစ် ပေသည်။ ယင်းသည်ကိုယ်ခန္ဓာ၏သေးငယ်သော အင်္ဂါအစိတ်အပိုင်းမျှသာဖြစ်သော်လည်း ကြီးကျယ်သောအရာများအကြောင်းကို ကြွားဝါတတ်သည်။
13 သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။- 14 သို့သော်အကယ်၍သင်တို့စိတ်နှလုံးတွင် နာကြည်းစိတ်၊ မနာလိုစိတ်၊ တစ်ကိုယ်ကောင်း စိတ်များရှိလျှင်မိမိဉာဏ်ပညာအတွက် ကြွားဝါပြောဆိုခြင်းအားဖြင့်သမ္မာတရား ကိုမဆန့်ကျင်နှင့်။- 15 ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။- 16 အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။- 17 သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။- 18 ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။
<- ယာကုပ် 2ယာကုပ် 4 ->✡3:9 က၊ ၁:၂၆။