1 ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။
9 အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
10 ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
11 ယောယဒ၏သားသည်ယောနသန်၊ ယောနသန်၏သားမှာယာဒွါဖြစ်၏။
12-21 ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။
22 ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
23 သို့ရာတွင်လေဝိအိမ်ထောင်ဦးစီးများစာရင်းကိုဧလျာရှိပ်၏မြေးယောဟနန်၏လက်ထက်တိုင်အောင်သာလျှင်တရားဝင်မှတ်တမ်းများတွင်တွေ့ရှိရ၏။
24 ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ[a] နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
25 ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
26 ဤသူအပေါင်းတို့သည်ယောဇဒက်၏မြေး၊ ယောရှု၏သားယောယကိန်၊ ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်မြောက်သူယဇ်ပုရောဟိတ်ဧဇရတို့၏လက်ထက်၌နေထိုင်ကြသူများဖြစ်ပေသည်။
27 ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
28 ဋ္ဌမ္မသီချင်းကိုဆိုသောလေဝိအိမ်ထောင်စုများသည်၊ မိမိတို့အတည်တကျနေထိုင်ရာယေရုရှလင်မြို့ပတ်ဝန်းကျင်ဒေသနေတောဖာပတ်ဝန်းကျင်ရှိမြို့များ၊- 29 ဂိလဂါလ၊ ဂေဗနှင့်အာဇမာဝက်ကျေးလက်များမှလာရောက်ကြလေသည်။- 30 ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။
31 ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။
38 ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊- 39 ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40 သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။
43 ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
44-45 ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။[~2~]
46 ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။- 47 ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။